ပရီးမီးယားလိဂ်ဖလား မန်ယူ ဆွတ်ခူးသွားလိမ့်မယ်လို့ ခရက်စ်ပိုပြော

ယခုနှစ် ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို မော်ရင်ဟိုရဲ့ မန်ယူအသင်း သိမ်းပိုက်သွားလိမ့်မယ်လို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟင်နာခရက်စ်ပိုက ယုံကြည်စွာ ပြောပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာ ရပ်တည်နိုင်ပေမယ့် ၂၀၀၆ ခုနှစ်တုန်းက စတမ်းဖို့ဘရစ်ခ်ျမှာ မော်ရင်ဟိုနဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ပြီး ပရီးမီးယားလီဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ခရက်စ်ပိုကတော့ ယခုနှစ်ပရီးမီးယားလိဂ်ဖလားကို မန်ယူသိမ်းပိုက်နိုင်တယ်ဆိုတာကို အခုလို အချက်ကျကျ ပြောလိုက်ပါတယ်။

“ပရီးမီးယားလိဂ်ဖလား မန်ယူ ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ မော်ရင်ဟိုကြောင့်ပဲ။ သူဟာ ဘယ်တုန်းကမှ ဒုတိယရာသီမှာ မကျရှုံးဖူးဘူး” လို့ ဟင်နာခရက်စ်ပိုက ပြောပါတယ်။

“ဟိုဆေးက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ယောက်ပဲ။ သူက နေရာတိုင်း သမိုင်းတွေ ရေးထိုးနိုင်တယ်။ ပေါ်တို၊ အင်တာ၊ အခု မန်ချက်စတာယူနိုက်တက်နဲ့လည်း သူ လုပ်ပြလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ခရက်စ်ပိုက ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းစာရင်းထဲမှာ မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်အသင်းတို့ ရှိနေလိမ့်မယ်လို့ ပြောလိုက်ပြီး ပိုချက်တီနိုရဲ့ စပါးအသင်းကတော့ ဒီစာရင်းနဲ့ လွဲချော်နိုင်တယ်လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …