မာရက်အတွက် ရိုးမားရဲ့ ကမ်းလှမ်းမှု နည်းလွန်းတယ်လို့ ရှိတ်စပီးယားပြော

လက်စတာနည်းပြ ရှိတ်စပီးယားက မာရက်အတွက် ရိုးမားအသင်းက လာရောက်ကမ်းလှမ်းပေမယ့် ပမာဏနည်းလွန်းတာကြောင့် ငြင်းဆိုလိုက်တယ်လို့ ပြောပါတယ်။

မာရက်ဟာ လက်စတာစီးတီးအသင်းမှ ထွက်ခွာချင်တယ်လို့ အစောပိုင်းက ကလပ်ထံ တောင်းဆိုထားသူ ဖြစ်ပြီး၊ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းဟာ တောင်ပံကစားသမား မိုဟာမက်ဆာလက်ကို လီဗာပူးလ်အသင်းထံ ရောင်းချလိုက်ပြီး အခု မာရက်ကို ဈေးချိုချိုဖြင့် လာရောက်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ တန်ဖိုးထက် နည်းလွန်းနေတာကြောင့် ငြင်းဆိုလိုက်တယ်လို့ ရှိတ်စပီးယားက အခုလို ပြောပါတယ်။

“မာရက်အတွက် ကမ်းလှမ်းမှုမရှိသေးဘူးလို့ နောက်ဆုံး စာနယ်ဇင်းရှင်းပွဲမှာ ကျွန်တော် ပြောခဲ့ဖူးတယ်ထင်တယ်။ ရိုးမားဆီက ကမ်းလှမ်းမှုတစ်ခုတော့ ရခဲ့တယ်” လို့ ရှိတ်စပီးယားက ပြောပါတယ်။

“ဒါပေမယ့် သူတို့ကမ်းလှမ်းမှုက  ကျွန်တော်တို့ တွက်ဆထားတာထက် အရမ်းနည်းနေတာကြောင့် ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ငြင်းခဲ့တယ်။ ဘယ်လောက်နဲ့ ကမ်းလှမ်းတာလဲလို့တော့ ကျွန်တော့်ကို မမေးပါနဲ့။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီကိစ္စထဲမှာ ပါဝင်မပတ်သတ်ချင်လို့ပဲ” လို့ ပြောပြပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …