ကော်တင်ဟိုမရှိလည်း ပရီးမီးယားလိဂ်ဖလားရဖို့ လီဗာပူးလ်အသင်း စိန်ခေါ်နိုင်တယ်

လီဗာပူးလ်အသင်းအနေနဲ့ အဆုံးမှာ ကော်တင်ဟိုကို ဆုံးရှုံးရလည်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်သေးတယ်လို့ ကြိုးကြာနီတို့ရဲ့ သူရဲကောင်း ကစားသမားဟောင်း ဂျန်မိုဘီက ပြောလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ အသက် ၂၅နှစ် အရွယ်ရှိ ဘရာဇီးသားနဲ့ ပတ်သတ်ပြီး ကမ်းလှမ်းမှုတွေ ခုအချိန်ထိ မရရှိသေးကြောင်း အပြောင်းအရွှေ့ပိတ်သည့်အချိန်ထိ ကော်တင်ဟိုက လီဗာပူးလ်ကစားသမား ဖြစ်နေအုံးမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ကလပ်မှ ထုတ်ပြန် ကြေညာပြီးသိပ်မကြာခင်မှာ ကော်တင်ဟိုက အသင်းမှ ထွက်ခွာချင်တယ်လို့ တောင်းဆိုခဲ့ကြောင်း Sky Sports မှာ ရေးသားဖော်ပြလိုက်ပါတယ်။

ဒါကြောင့် ဂျန်မိုဘီက အသင်းမှ ထွက်ခွာချင်နေတဲ့ ကော်တင်ဟိုမရှိလည်း ပရီးမီးယားလိဂ်ဖလားရဖို့ လီဗာပူးလ်အသင်း စိန်ခေါ်နိုင်သေးကြောင်း အခုလို ပြောလိုက်ပါတယ်။

“ဘယ်ပရိသတ်မဆို ကော်တင်ဟိုကို လီဗာပူးလ်မှာ ဆက်နေချင်မှာပဲ” လို့ မိုဘီက ပြောပါတယ်။

“ဒါပေမယ့် သူ ဘာစီလိုနာရဲ့ ဆွဲဆောင်မှုအောက်မှာ မေ့မျောသွားလည်း ဒါက ကမ္ဘာ့ပျက်သွားတာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ စွဲစွဲမြဲမြဲ ယုံကြည်တယ်”

“လီဗာပူးလ်ဟာ အရင်တုန်းကလည်း ကစားသမားကောင်းတွေ ဆုံးရှုံးခဲ့ရပြီးပြီ။ အခု သူ ထွက်သွားလည်း ထိပ်ဆုံးလေးသင်းစာရင်းထဲ ၀င်ဖို့ လီဗာပူးလ်အသင်း စိန်ခေါ်နိုင်သေးတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …