ကော်တင်ဟိုဆိုတာ ရောင်းဖို့မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ကလော့ပ်

ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုနဲ့ ပတ်သတ်ပြီး လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ကော်တင်ဟိုဆိုတာ ရောင်းဖို့မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

“ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ပြောစရာစကား မရှိဘူး။ ကော်တင်ဟိုက ရောင်းဖို့မဟုတ်ဘူး။ သူက အခုမှ ငယ်ရွယ်ပြီး မြှင့်တင်နေဆဲ ကစားသမားတစ်ယောက်ဖြစ်တယ်”

“လီဗာပူးလ်မှာရှိတဲ့ ကစားသမားတွေကို မည်သည့်ကလပ်က စိတ်ဝင်စားနေပါစေ ကျွန်တော်ကတော့ မအံ့သြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကစားသမားတွေ ရောင်းစားတဲ့ကလပ်မဟုတ်ဘူး”

“ကျွန်တော်တို့ နောက်တဆင့် တက်လှမ်းသွားချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အတူတူရှိနေဖို့ လိုအပ်နေတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …