“ဒီနှ်စ်တော့ ဖလားအချို့ ဆွတ်ခူးသွားချင်တယ်” လို့ ပြောလိုက်တဲ့ ဆာနေး

ဆာနေးဟာ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်အောင်နိုင်သူ ဖြစ်ဖို့ ပြင်ဆင်မြှင့်တင်စရာတွေ အများကြီးရှိနေသေးတယ်လို့ နားလည်ထားပြီး ဖလားများစွာ ဆွတ်ခူးခဲ့တဲ့ နည်းပြဂွာဒီယိုလာက အိပ်မက်တွေ တကယ်ဖြစ်လာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်စွာ ပြောလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်း ရှုံး/ထွက်အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ထိုပြိုင်ပွဲမှာ ဆာနေးဟာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး လာမယ့်ရာသီမှာတော့ အနည်းဆုံး ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဆာနေးက ထိုပြိုင်ပွဲဟာ ခက်ခဲမှန်း သိရှိထားပြီး မနှစ်က ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲမက်ဒရစ်အသင်းက  အရမ်းကောင်းခဲ့တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

“မနှစ်က အရမ်းကောင်းတဲ့ရာသီတစ်ခုကို ရီးရဲလ်မက်ဒရစ်ပိုင်ဆိုင်ခဲ့တယ်” လို့ ဆာနေးက ESPN မှာ ပြောပါတယ်။

“အဲဒီအချိန်မှာ သူတိုက ဥရောပမှာ အကောင်းဆုံးအသင်းပဲ။ ဒါကြောင့် ဒီနှစ်လည်း ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် ဒါဟာ ရာသီသစ်တစ်ခု ဖြစ်တယ်”

“ချန်ပီယံလိဂ်ဖလားကို ၂နှစ်ဆက်တိုက် သူတို့က ဆွတ်ခူးနိုင်တယ်။ ဒီလိုဖြစ်ဖို့ဆိုတာ အရမ်းခက်ခဲမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ မြှင့်တင်ပြီး အလုပ်ကြိုးစားမယ်ဆိုရင် သူတို့လို လုပ်နိုင်မှာပါ”

“ကျွန်တော်တို့က ချန်ပီယံလိဂ်မှာ ရေပန်းစားနေတဲ့အသင်း တစ်သင်းလို့တော့ ကျွန်တော်မထင်ဘူး။ ဒါပေမယ့် ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်သွားနိုင်ရမယ်။ ကျွန်တော်တို့ဟာ အတွေ့အကြုံရှိပြီး အကောင်းဆုံးကစားနိုင်တဲ့ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်တယ်”

“ဂွာဒီယိုလာက ဖလားတွေ အများကြီး ဆွတ်ခူးခဲ့တယ်။ နောက်ပြီး ယုံကြည်မှုတွေ အများကြီးလည်း ပေးစွမ်းနိုင်တယ်။ ဒီနှစ်က ခမ်းနားတဲ့နှစ်ဖြစ်ပြီး ဖလားအချို့ ဆွတ်ခူးသွားချင်တယ်” ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …