Chris Smalling scores Manchester United's second goal in their 2-1 victory at Watford
Zawgyi Version
man u
manu
smalling
Unicode version
၀က်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ စမောလင်းက အဝေးကွင်းနှစ်ပွဲဆက် အနိုင်ရပြီးနောက် ဘာပြောသွားလဲ
မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား စမောလင်းက သူတို့အသင်းအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ် အဝေးပွဲစဉ် နှစ်ပွဲလုံးကို အနိုင်ရခဲ့တာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ခုပဲလို့ ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ နိုင်ငံလက်ရွေးစင်ပွဲတွေ မကျင်းပခင် ဘန်လေအသင်းကို ၂-၀ နဲ့ အနိုင်ယူပြီးနောက် မနေ့ညက ဝက်ဖို့ဒ်အသင်းကိုလည်း ၂-၁ နဲ့ အနိုင်ခဲ့ပါတယ်။ စမောလင်းက ဒီပွဲမှာ အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
man u win
အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် ၃၅ မိနစ်မှာ တိုက်စစ်မှူး လူကာကူက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၆၅ မိနစ်မှာ ဝက်ဖို့ဒ်ကစားသမား အန်ဒရီဂရေးက ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂-၁ ရလဒ် ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန်မပြီးဆုံးခင်မှာ ကွင်းလယ်ကစားသမား မာတစ်က ၂ ဝါ ၁ နီဖြင့် အထုတ်ခံလိုက်ရပေမယ့် မော်ရင်ဟိုရဲ့ သရဲနီအသင်းဟာ ပရီးမီးယားလိဂ်နှစ်ပွဲဆက် အနိုင်ခဲ့ပါတယ်။
ယခုဆိုရင် မန်ယူအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ ဆွစ်ဇာလန်စူပါလိဂ်ချန်ပီယံ Young Boys အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး စမောလင်းကတော့ အဆင်သင့်ဖြစ်နေကြောင်း အခုလို ပြောပါတယ်။
“ဘန်လေနဲ့ ဝက်ဖို့ဒ်ကို အနိုင်ရခဲ့တာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတစ်ခုပဲ” လို့ စမောလင်းက ပြောပါတယ်။
“ကျွန်တော်တို့အသင်းဟာ နှစ်ပွဲဆက် အနိုင်ရရှိထားပြီး အခုဆိုရင် ပွဲကြပ်ကာလထဲကို ရောက်လာခဲ့ပါပြီ။ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ အချိန်ကောင်းတစ်ခုမှာ အရှိန်အဟုန်ကောင်းစွာ တည်ဆောက်နေတယ်” လို့ စမောလင်းက ပြောလိုက်ပါတယ်။
Check Also
မန်ယူကို အထင်မသေးသင့်ဘူးလို့ ဘာစီလိုနာကို သတိပေးလိုက်တဲ့ မော်ရင်ဟို
လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာ ဘယ်လောက်ပဲ ရလဒ်ကောင်း ထွက်ပေါ်နေပါစေ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ လေးစားမှုရှိရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် …