ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပါပြီ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပါပြီ

ယခုနှစ် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ တရားဝင်ထွက်ပေါ်လို့ လာခဲ့ပါပြီ။ ချန်ပီယံလိဂ် မဲခွဲပွဲကို မနေ့ညက ပြင်သစ် နိုင်ငံ မိုနာကို မြို့မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

UCL

အုပ်စု A
အက်သလက်တီကိုမက်ဒရစ်
ဒေါ့မွန်
မိုနာကို
ကလပ် ဘရု

အုပ်စု B
ဘာစီလိုနာ
စပါး
PSV
အင်တာမီလန်

အုပ်စု C
PSG
နာပိုလီ
လီဗာပူး
ကာဗီနာ

အုပ်စု D
လိုကိုမိုးတစ် မော်စကို
ပေါ်တို
ရှော်ကေး
ဂါလာတာ စာရေး

အုပ်စု E
ဘိုင်ယန် မြူးနစ်
ဘင်ဖီကာ
အေဂျက်
AEK အေသင်

အုပ်စု F
မန်စီးတီး
ရှက်တာဒိုးနက်
လီယွန်
ဟော့ဖန်ဟိန်း

အုပ်စု G
ရီးရဲလ်မက်ဒရစ်
ရိုးမား
CSKA မော်စကို
ပလာဇန်

အုပ်စု H
ဂျူဗင်တပ်
မန်ချက်စတာ ယူနိုက်တက်
ဗလင်စီယာ
ယမ်းဘွိုင်း

UCL

ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းနဲ့ တစ်အုပ်စုတည်းမှာ ကျရောက်ခဲ့တာအတွက် မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို အိုးထရက်ဖို့ကွင်းကြီးထဲမှာ တစ်ကျော့ပြန်လည် မြင်တွေ့ရအုံးမှာပါ။ ဒါ့အပြင် ဘာစီလိုနာကွင်းလယ်ကစားသမား ကော်တင်ဟိုအနေနဲ့လည်း အသင်းဟောင်း အင်တာမီလန်နဲ့ ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ လီဗာပူးလ် ၊ စပါး နဲ့ ယူနိုက်တက် တို့ဟာ အုပ်စုကျပ်တွေမှာ ကျရောက် နေခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲစဉ် အချိန်ဇယား

18/19 September: အုပ်စု အဆင့် အဖွင့် ပွဲစဉ်
2/3 October: အုပ်စု အဆင့် ပွဲစဉ် ၂
23/24 October: အုပ်စု အဆင့် ပွဲစဉ် ၃
6/7 November: အုပ်စု အဆင့် ပွဲစဉ် ၎
27/28 November: အုပ်စု အဆင့် ပွဲစဉ် ၅
11/12 December: အုပ်စု အဆင့် ပွဲစဉ် ၆
17 December: ရှုံးထွက်အဆင့် မဲခွဲပွဲ
12/13/19/20 February: ရှုံးထွက် အဆင့် ပထမ အကျော့
5/6/12/13 March: ရှုံးထွက် အဆင့် ဒုတိယ အကျော့
15 March: ကားတား ဖိုင်နယ် နဲ့ ဆီမီး ဖိုင်နယ် မဲခွဲပွဲ
9/10 April: ကွာတား ဖိုင်နယ် ပထမ အကျော့
16/17 April: ကွားတား ဖိုင်နယ် ဒုတိယ အကျော့
30 April/1 May: ဆီမီးဖိုင်နယ် ပထမ အကျော့
7/8 May: ဆီမီးဖိုင်နယ် ဒုတိယ အကျော့
Saturday 1 June: Final – မက်ထရို ပိုလီ တာနို ကွင်း ၊ အက်သလက်တီကိုမက်ဒရစ် အိမ်ကွင်း

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …