Carlos-Tevez-opens-Lionel-Messi-Cristiano-Ronaldos-training-ground-routine

“မက္ဆီနဲ႔ စီေရာ္နယ္ဒို ဘယ္လိုကြဲျပားျခားနားသလဲ”ဆိုတာကို ထုတ္ေဖာ္ေျပာလိုက္တဲ့ တီဗက္စ္

Zawgyi Version

ကမာၻ႕အေကာင္းဆံုး ကစားသမားေတြ ျဖစ္ၾကတဲ့ မက္ဆီ၊ စီေရာ္နယ္ဒိုတို႔နဲ႔ အတူတူ ကစားခြင့္ရဖို႔ဆိုတာ မလြယ္ကူပါဘူး။ ဒါေပမယ့္ ကားလို႔စ္တီးဗက္စ္ကေတာ့ ကံေကာင္းေထာက္မစြာ ႏွစ္ေယာက္လံုးနဲ႔ အတူတူ ကစားခြင့္ရခဲ့ပါတယ္။ အခု တီဗက္စ္က သူတို႔ႏွစ္ေယာက္ရဲ႕ ၾကားမွာ မတူညီတဲ့ ကြဲျပားျခားခ်က္ေတြ ရွိတယ္ဆိုတာကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

Manchester United's Cristiano Ronaldo (L

မန္ခ်က္စတာယူႏိုက္တက္မွာ ေရာ္နယ္ဒိုနဲ႔ အလုပ္လုပ္ဖူးတဲ့ တီဗက္စ္ဟာ အာဂ်င္တီးနားႏိုင္ငံအသင္းမွာ မက္ဆီနဲ႔ အတူတူ ကစားခဲ့သူ ျဖစ္ပါတယ္။ တီဗက္စ္ဟာ သူတို႔ႏွစ္ေယာက္လံုးနဲ႔ ေလ့က်င့္ေရးကြင္းမွာ အခ်ိန္ကုန္တာ မ်ားခဲ့ၿပီး စိတ္၀င္စားဖို႔ေကာင္းတဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုရဲ႕ ကြဲျပားမႈကို အခုလို ေျပာလိုက္ပါတယ္။

“မက္ဆီ Gym ေဆာ့တာ ဘယ္တုန္းကမွ မျမင္ဖူးခဲ့ဘူး” လို႔ တီဗက္စ္က Depor မွာ ေျပာပါတယ္။

Argentine forward Lionel Messi (L) and A

“ေနာက္ၿပီး မွတ္တိုင္ေတြၾကားမွာ သူ ေလ့က်င့္ေနတာလည္း မျမင္ဖူးဘူး။ တျခားနည္းစနစ္ပိုင္းဆိုင္ရာ ေလ့က်င့္ခန္းေတြ လုပ္တာလည္း မေတြ႕ဖူးဘူး။ ဒါေတြအားလံုးကို မက္ဆီက သူ႕အလိုလို တတ္တယ္။ ဒါေပမယ့္ ပင္နယ္တီေတာ့ သူ ေလ့က်င့္တယ္။ အစတုန္းက ျပစ္ဒဏ္ေဘာေတြကို သူမကန္ဘူး။ အခုေတာ့ ေထာင့္ကန္ေဘာေတြကအစ အားလံုးကို သူကန္ေနပါတယ္”

“ခရစၥတီယာႏိုကေတာ့ ေလ့က်င့္ေရးဆင္းၿပီးရင္ Gym အျမဲတမ္းေဆာ့တာပဲ။ ဒါက သူ စြဲစဲြျမဲျမဲ လုပ္ျဖစ္တဲ့ အရာပဲ။ အရာရာတိုင္းကို အေကာင္းဆံုးျဖစ္ေအာင္ သူလုပ္တယ္။ ေလ့က်င့္ေရးကြင္းကိုလည္း အေစာဆံုးေရာက္လာေလ့ရွိတယ္” လို႔ တီဗက္စ္က ျဖည့္စြက္ေျပာပါတယ္။

Juventus Training Session

“ေလ့က်င့္ဖို႔ မနက္ ၉ နာရီ သတ္မွတ္ရင္ သူက ၈နာရီကတည္းက ေရာက္ၿပီးသားပဲ။ ကၽြန္ေတာ္ ၇ နာရီခြဲမွာ ေရာက္ရင္ေတာင္မွ သူက ေရာက္ႏွင့္ေနၿပီ”

“အဲဒီတုန္းက ကၽြန္ေတာ့္ကို ကၽြန္ေတာ္ ျပန္ေမးမိတယ္။ ‘ငါ ဒီေကာင္ေလးကို ဘယ္လိုဖယ္ရွားပစ္ရမလဲ’ေပါ့။ ဒါနဲ႔ တစ္ေန႔ ကၽြန္ေတာ္ မနက္ ၆ နာရီ အေရာက္သြားခဲ့တယ္။ ဒါေပမယ့္ သူက ေလ့က်င့္ေရးကြင္းထဲကို ေရာက္နင့္ေနတာပဲ။ အိပ္ေပ်ာ္ေနတယ္။ ဒါေပမယ့္ သူ အဲဒီမွာ ရွိေနခဲ့တယ္” လို႔ တီဗက္စ္က ေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီးေျပာလိုက္ပါတယ္။

Unicode version

“မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်လိုကွဲပြားခြားနားသလဲ”ဆိုတာကို ထုတ်ဖော်ပြောလိုက်တဲ့ တီဗက်စ်

ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ အတူတူ ကစားခွင့်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် ကားလို့စ်တီးဗက်စ်ကတော့ ကံကောင်းထောက်မစွာ နှစ်ယောက်လုံးနဲ့ အတူတူ ကစားခွင့်ရခဲ့ပါတယ်။ အခု တီဗက်စ်က သူတို့နှစ်ယောက်ရဲ့ ကြားမှာ မတူညီတဲ့ ကွဲပြားခြားချက်တွေ ရှိတယ်ဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ အလုပ်လုပ်ဖူးတဲ့ တီဗက်စ်ဟာ အာဂျင်တီးနားနိုင်ငံအသင်းမှာ မက်ဆီနဲ့ အတူတူ ကစားခဲ့သူ ဖြစ်ပါတယ်။ တီဗက်စ်ဟာ သူတို့နှစ်ယောက်လုံးနဲ့ လေ့ကျင့်ရေးကွင်းမှာ အချိန်ကုန်တာ များခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ ကွဲပြားမှုကို အခုလို ပြောလိုက်ပါတယ်။

“မက်ဆီ Gym ဆော့တာ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး” လို့ တီဗက်စ်က Depor မှာ ပြောပါတယ်။

“နောက်ပြီး မှတ်တိုင်တွေကြားမှာ သူ လေ့ကျင့်နေတာလည်း မမြင်ဖူးဘူး။ တခြားနည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်တာလည်း မတွေ့ဖူးဘူး။ ဒါတွေအားလုံးကို မက်ဆီက သူ့အလိုလို တတ်တယ်။ ဒါပေမယ့် ပင်နယ်တီတော့ သူ လေ့ကျင့်တယ်။ အစတုန်းက ပြစ်ဒဏ်ဘောတွေကို သူမကန်ဘူး။ အခုတော့ ထောင့်ကန်ဘောတွေကအစ အားလုံးကို သူကန်နေပါတယ်”

“ခရစ္စတီယာနိုကတော့ လေ့ကျင့်ရေးဆင်းပြီးရင် Gym အမြဲတမ်းဆော့တာပဲ။ ဒါက သူ စွဲစွဲမြဲမြဲ လုပ်ဖြစ်တဲ့ အရာပဲ။ အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင် သူလုပ်တယ်။ လေ့ကျင့်ရေးကွင်းကိုလည်း အစောဆုံးရောက်လာလေ့ရှိတယ်” လို့ တီဗက်စ်က ဖြည့်စွက်ပြောပါတယ်။

“လေ့ကျင့်ဖို့ မနက် ၉ နာရီ သတ်မှတ်ရင် သူက ၈နာရီကတည်းက ရောက်ပြီးသားပဲ။ ကျွန်တော် ၇ နာရီခွဲမှာ ရောက်ရင်တောင်မှ သူက ရောက်နှင့်နေပြီ”

“အဲဒီတုန်းက ကျွန်တော့်ကို ကျွန်တော် ပြန်မေးမိတယ်။ ‘ငါ ဒီကောင်လေးကို ဘယ်လိုဖယ်ရှားပစ်ရမလဲ’ပေါ့။ ဒါနဲ့ တစ်နေ့ ကျွန်တော် မနက် ၆ နာရီ အရောက်သွားခဲ့တယ်။ ဒါပေမယ့် သူက လေ့ကျင့်ရေးကွင်းထဲကို ရောက်နင့်နေတာပဲ။ အိပ်ပျော်နေတယ်။ ဒါပေမယ့် သူ အဲဒီမှာ ရှိနေခဲ့တယ်” လို့ တီဗက်စ်က ရော်နယ်ဒိုနဲ့ ပတ်သက်ပြီးပြောလိုက်ပါတယ်။

Check Also

skysports-jose-mourinho-man-united_4478147

ေမာ္ရင္ဟိုကို လာလီဂါက ျပန္လည္ႀကိဳဆိုေနမယ္လို႔ လာလီဂါဥကၠ႒ ေျပာ

Zawgyi Version ယခင္က ရီးရဲလ္မက္ဒရစ္အသင္းမွာ နည္းျပလုပ္ခဲ့ဖူးတဲ့ ေမာ္ရင္ဟိုအေနနဲ႔ လာလီဂါသို႔ တစ္ေက်ာ့ျပန္လာခဲ့မယ္ဆိုရင္ သိပ္ေကာင္းတဲ့ျပပြဲတစ္ခု ျဖစ္လာမွာပဲလို႔ လာလီဂါဥကၠ႒ Javier Tebasက ေျပာလိုက္ပါတယ္။ ေမာ္ရင္ဟိုဟာ …