ရော်နယ်ဒို ရောက်လာပြီးနောက် ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်ဖလားနဲ့ နီးစပ်လာပြီလို့ ပြောလိုက်တဲ့ ဘူဖွန်

ရော်နယ်ဒို ရောက်လာပြီးနောက် ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်ဖလားနဲ့ နီးစပ်လာပြီလို့ ပြောလိုက်တဲ့ ဘူဖွန်

ဂိုးသမား ဘူဖွန်က အသင်းဟောင်း ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ အရမ်းကို နီးစပ်နေပြီလို့ ပြောလိုက်ပြီး တိုက်စစ်မှူးသစ် စီရော်နယ်ဒိုလည်း အီတလီမြေမှာ အောင်မြင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

အီတလီဂိုးသမား ဘူဖွန်ဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းမှာ ၁၇ နှစ် ကစားပြီးနောက် PSG အသင်းထံ အလွတ်ပြောင်းရွေ့ကြေးဖြင့် ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

Ronaldo Buffon newsday myanmar (1)

သူ ထွက်ခွာပြီးနောက် ဂျူဗင်တပ်အသင်းက ဘောလုံးသမိုင်းကို ဆန်းသစ်သွားစေမယ့် ရည်ရွယ်ချက်ဖြင့် ရော်နယ်ဒိုကို ပေါင် ၈၈ သန်းဖြင့် ရီးရဲလ်မက်ဒရစ်မှ ၀ယ်ယူလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်သို့ မရောက်ခင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား ၃ နှစ် ဆက်တိုက် ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ နောက်ပြန်ကန်ချက် ဂိုးသွင်းပြီး ဂျူဗင်တပ်အသင်းရဲ့ ဖလားမျှော်လင့်ချက်ကို ရိုက်ချိုးခဲ့သူလည်း ဖြစ်ပါတယ်။ အခု ဂျူဗင်တပ်နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ ဒုက္ခပေးတဲ့ရန်က ကင်းဝေးသွားပြီလို့ ယူဆမိကြောင်း ဘူဖွန်က အခုလို ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ ရော်နယ်ဒိုကို တခြားအသင်းတွေမှာ လုပ်နိုင်ခဲ့သလိုမျိုး ဂျူဗင်တပ်မှာ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်” ဆိုပြီး ဘူဖွန်က Sky Sports ကို ပြောပါတယ်။

Ronaldo Buffon newsday myanmar (1)

“သေချာတာကတော့ လွန်ခဲ့တဲ့နှစ်တွေက သူ ကျွန်တော်တို့ကို ဒုက္ခပေးခဲ့သလိုမျိုး အခု ဂျူဗင်တပ်ကို ပေးတော့မှာ မဟုတ်တော့ဘူး။ အခု ဂျူဗင်တပ်မှာ အရည်အချင်းရှိတဲ့ဘုတ်အဖွဲ့နဲ့ ဥက္ကဋ္ဌလည်း ရှိနေတယ်။ အသင်းရဲ့ သမိုင်းကြောင်းနဲ့ ပရိသတ်တွေရဲ့ အင်အားပေါင်းစပ်လိုက်ရင် သူတို့အသင်း ချန်ပီယံလိဂ်ဖလား မရခဲ့ရင်တောင် အရမ်းကို ကြီးကျယ်ခမ်းနားနေပြီ။ သူတို့ နီးစပ်နေပါပြီ” လို့ ဘူဖွန်က ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …