“အုပ်စုဗိုလ် ဘယ်သူဖြစ်မယ်ဆိုတာ သိပြီးသား” လို့ ဒေါ့မွန်ပြော

ဒေါ့မွန်အသင်းရဲ့ ဘောလုံးဒါရိုက်တာ Zorc က ရီးရဲလ်မက်ဒရစ်အသင်းက အုပ်စုဗိုလ်ဖြစ်ဖို့ ရေပန်းစားနေတာကြောင့် ဒီနေရာအတွက် မမျှော်မှန်းတော့ဘဲ ဒုတိယနေရာရဖို့ စပါးအသင်းနဲ့ ယှဉ်ပြိုင်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

“ရီးရဲလ်မက်ဒရစ်အသင်းက အုပ်စုဗိုလ် ဖြစ်ဖို့ ရေပန်းစားတယ်ဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့က စပါးအသင်းနဲ့ပဲ အဆင့်အတန်းတူပါတယ်” လို့ Zorc က ပြောပါတယ်။

ဆက်လက်ပြီး ဒေါ့မွန်အသင်း နည်းပြ Bosz ကလည်း ချန်ပီယံလိဂ်ဖလား ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိဘောလုံးလောကရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာ လက်ခံကြောင်း အခုလိုပြောပါတယ်။

“ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ကျွန်တော် လေ့လာ ကြည့်ရှုခဲ့တယ်။ သူတို့ဟာ ဘောလုံးလောကရဲ့ အထွဋ်အထိပ်မှာ ရှိနေတယ်ဆိုတာ ထောက်ခံပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို လက်ခံတယ်” လို့ ပြောလိုက်ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …