ဇီဒန်း အောင်မြင်တာ မြင်ရလို့ ၀မ်းသာနေတဲ့ ဘက်ခမ်း

ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ဒေဗစ်ဘက်ခမ်းဟာ အသင်းဖော်ဟောင်း ဇီဒန်း ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်နေတာကြည့်ပြီး ၀မ်းသာကြည်နူးရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ချန်ပီယံလိဂ်ဖလား (၂)နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်အတွက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး လာလီဂါဖလားကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

၂၀၀၃ မှ ၂၀၀၇ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးခဲ့သူ ဘက်ခမ်းဟာ အင်္ဂါနေ့က ရီးရဲလ်မက်ဒရစ်အသင်းသားတွေ ရှိရာ လော့စ်အိန်ဂျယ်လက်စ်ကို လာရောက်တွေ့ဆုံပြီး ဇီဒန်းကို အခုလိုချီးမွမ်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရာသီက စပါယ်ရှယ်ဝမ်းပဲ” လို့ ဘက်ခမ်းက ဇီဒန်းကို ချီးကျူးလိုက်ပါတယ်။

“ရာသီမပြီးဆုံးခင် နောက်ဆုံးလတွေက မယုံကြည်နိုင်လောက်အောင်ပဲ။ သူတို့လုပ်ခဲ့တာတွေကြည့်ပြီး ၀မ်းသာဂုဏ်ယူမိတယ်”

“ဇီဒန်း အခုလို ထူးချွန်အောင်မြင်နေတာ မြင်ရလို့ အရမ်းဝမ်းသာတယ်။ ဇီဒန်းနည်းတူ ကစားသမားအတွက်လည်း အတူတူပဲ” လို့ ပြောခဲ့ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …