ရီနာတိုဆန်းချက်အတွက် ယူရို ၄၈ သန်း သတ်မှတ်

ဘိုင်ယန်မြူးနစ်အသင်းက ရီးနာတိုဆန်းချက်အတွက် ယူရို ၄၈ သန်းနဲ့ ကမ်းလှမ်းလာရင် လက်ခံနိုင်တယ်လို့ ပြောလိုက်ပြီး၊ သူတို့၏ တောင်းဆိုချက်ကို အေစီမီလန်အသင်းအနေနဲ့ ဆွေးနွေးဖို့ အဆင်သင့်မဖြစ်လောက်သေးဘူးလို့ ပြောလိုက်ပါတယ်။

တက်သစ်စကြယ်ပွင့် ပေါ်တူဂီသား ဆန်းချက်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက အလိုင်းယန့်ဇ်အရီနာ၌ ရောက်ရှိနေပေမယ့် ဘွန်ဒစ်လီဂါပွဲစဉ်ပေါင်း (၆)ပွဲသာ ပွဲထွက်ခွင့်ရရှိထားပြီး အသိအမှတ်ပြုကစားသမားတစ်ယောက်ဖြစ်ဖို့ မနည်းရုန်းကန်နေရတာ ဖြစ်ပါတယ်။

ယခု ဘိုင်ယန်မြူးနစ်အသင်းက တိုလစ်ဆို၊ ဂျိမ်းစ်ရိုဒရီဂွတ်ဇ် တို့ကို ခေါ်ယူလိုက်တာကြောင့် သူဟာ လာမယ့်ရာသီမှာလည်း ပွဲကစားချိန် နည်းပါနေအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ရီးနာတိုဆန်းချက်အတွက် ယူရို ၄၈ သန်းနဲ့ ကမ်းလှမ်းလာရင် ရောင်းချသွားနိုင်ကြောင်း အခုလို ပြောပါတယ်။

“သူ ဘိုင်ယန်မှာ ကစားချိန် သိပ်မရဘူး။ ဒါကြောင့် သူ့ကို အငှားချသွားဖို့ စဉ်းစားနေတယ်” ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

“ကျွန်တော်က နည်းပြတော့ မဟုတ်ဘူး။ ဒါပေမယ့် ရီနာတိုအတွက် ပုံမှန်ပွဲထွက်ခွင့်တော့ လိုအပ်တယ်။ မီလန် စိတ်ဝင်စားနေတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တပတ်က ဆွေးနွေးမှု မစတင်ခဲ့ရသေးဘူး။ မီလန်က ကျွန်တော်တို့ တောင်းဆိုမှုကို ဆွေးနွေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်တယ်”

“သူ့အတွက် ယူရို ၄၈ သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် မဆိုးဘူး” လို့ ပြောလိုက်ပါတယ်။

 

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …