Barnardo-Silva-vows-Manchester-work-hard-retain-Premier-League-crown

“အာဆင်နယ်ကို 2-0 နဲ့ နိုင်တာက အစပဲ ရှိသေးတယ်” လို့ ပြောလိုက်တဲ့ ဘာနာဒိုဆေးဗား

မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားက မနေ့က အမ်းမရိတ်စကွင်းထဲမှာ အာဆင်နယ်အသင်းကို ၂-၀ နဲ့ အနိုင်ရလိုက်တာဟာ ရာသီအစပဲရှိသေးတာကြောင့် အပျော်ကြီးမပျော်နိုင်သေးဘူးလို့ ဆိုပါတယ်။ သူ့တို့အသင်းဟာ ပရီးမီးယားလိဂ်ဖလား ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် တစ်ပွဲပြီးတစ်ပွဲ အနိုင်ရအောင် ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။

"အာဆင်နယ်ကို 2-0 နဲ့ နိုင်တာက အစပဲ ရှိသေးတယ်" လို့ ပြောလိုက်တဲ့ ဘာနာဒိုဆေးဗား

ဂမ်းနားတွေဟာ နည်းပြသစ် အူနိုင်းအမ်မရီရဲ့ ပထမဆုံးပွဲမှာ မန်စီးတီးအသင်းကို 0-2 နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးတိုက်စစ်မှူး ရာဟီးစတားလင်းက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဘာနာဒိုဆေးဗားလ်က ဒုတိယမြောက်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

"အာဆင်နယ်ကို 2-0 နဲ့ နိုင်တာက အစပဲ ရှိသေးတယ်" လို့ ပြောလိုက်တဲ့ ဘာနာဒိုဆေးဗား

“ကျွန်တော်တို့ဟာ ရာသီသစ်ကို ကောင်းစွာစတင်နိုင်ခဲ့တယ်” ဘာနာဒိုဆေးဗားက ပွဲပြီးမှာ ပြောပါတယ်။

” cက်ခဲတဲ့ အားကစားကွင်းထဲမှာ အားကောင်းတဲ့အသင်းတစ်သင်းကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါဟာ ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ပွဲတစ်ပွဲပဲ။ ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်”

"အာဆင်နယ်ကို 2-0 နဲ့ နိုင်တာက အစပဲ ရှိသေးတယ်" လို့ ပြောလိုက်တဲ့ ဘာနာဒိုဆေးဗား

“ဒါပေမယ့် ဒါက အစပဲ ရှိသေးတယ်။ ကျွန်တော်တို့ ဆက်ပဲ ကြိုးစားသွားမယ်။ နောက်ပြီး ၃ မှတ်ပဲ ရှိသေးတယ်။ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက် တစ်ပွဲချင်း အနိုင်ယူသွားမယ်” လို့ ဘာနာဒိုဆေးဗားက ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …