“ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ကော်တင်ဟို မပါနိုင်သေးဘူး”လို့ ကလော့ပ်ပြော

လီဗားပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က လာမယ့်စနေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ တိုက်စစ်မှူး စတာရစ် ပါဝင်နိုင်ပေမယ့် ကော်တင်ဟိုကတော့ ဒဏ်ရာစာရင်းထဲမှာ ရှိနေတုန်းပဲလို့ ပြောလိုက်ပါတယ်။

“ဒန်နီရယ်က ရက်စ်ပါ။ သူ ပြန်ပါဝင်လိမ့်မယ်။ မနေ့က လေ့ကျင့်ရေးအပြည့်ဆင်းတဲ့အထဲမှာ သူပါတယ်။ ကော်တင်ဟိုကတော့ ခုအချိန်အထိ လေ့ကျင့်ရေး မဆင်းသေးဘူး” လို့ ကလော့ပ်က ပြောပါတယ်။

ဆက်လက်ပြီး ကလော့ပ်က ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့ကိစ္စ အခြေအနေနဲ့ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“ကျွန်တော့်ဘက်က ပြောစရာစကားမရှိဘူး။ ကျွန်တော်တို့ ပြောရမယ့်အရာတွေအားလုံး ပြောပြီးပြီ။ ဒါ့အပြင် မရှိဘူး”

“သူ့သဘောထားနဲ့ ပတ်သတ်ပြီး ပြောပြဖို့ ကျွန်တော်မှာ ဘာမှမရှိဘူး။ အခု သူက ဒဏ်ရာရနေပြီး ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာဌာနကလည်း ဘာမှ အကြောင်းမကြားသေးဘူး” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …