messi and suarez - golden boot

“ကစားသမားေတြနဲ႔ ဂ်ာနယ္လစ္ေတြ vote ေပးလို႔ရတဲ့ဆုက တန္ဖိုး မရွိဘူး” လို႔ ေျပာလိုက္တဲ့ ဆြာရက္ဇ္

Zawgyi version

ဘာစီလိုနာ တိုက္စစ္မွဴး လူး၀စ္ဆြာရက္ဇ္က FIFA The Best ဆုအတြက္ ဆန္ကာတင္စာရင္းထဲမွာ အသင္းေဖာ္ မက္ဆီ မပါတာနဲ႔ ပတ္သက္ၿပီး ကစားသမားေတြ၊ ဂ်ာနယ္လစ္ေတြ vote ေပးလို႔တဲ့ဆုဟာ ကြင္းထဲမွာ ကိုယ္ႀကိဳးစားလို႔ရတဲ့ဆုထက္ ပိုၿပီးေတာ့ တန္ဖိုးမရွိေၾကာင္း ေျပာလိုက္ပါတယ္။

မက္ဆီဟာ ၂၀၀၆ ခုႏွစ္က စတင္ၿပီး ဆန္ကာတင္ ၃ ဦးစာရင္းထဲမွာ ပါ၀င္လာခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ပထမဆံုးအႀကိမ္ လြဲေခ်ာ္သြားခဲ့တာ ျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ လာလီဂါဖလားနဲ႔ စပိန္ဘုရင့္ဖလားတို႕ကို ဆြတ္ခူးႏိုင္ခဲ့ေပမယ့္ အခုလို FIFA ရဲ႕ လစ္လ်ဴရႈျခင္း ခံလိုက္ရတာပါ။

ဒါေပမယ့္ ဆြာရက္ဇ္ကေတာ့ မက္ဆီဟာ သမိုင္းမွာ အေကာင္းဆံုးျဖစ္တယ္လို႔ ေျပာလိုက္ၿပီး ကြင္းထဲမွာ အျမဲတမ္းအေကာင္းဆံုး ျဖစ္ေနဖို႔ပဲ လိုအပ္ေၾကာင္း အခုလို ေျပာပါတယ္။

“ကြင္းထဲမွာ ရတဲ့ဆုထက္ ပိုၿပီး တန္ဖိုးရွိတဲ့ဆု မရွိဘူး” လို႔ ဆြာရက္ဇ္က ေျပာပါတယ္။

“ဥပမာ သြင္းဂိုးအမ်ားဆံုးဆု ဆိုပါစို႔။ ဒီဆုဆိုရင္ ဂိုးေတြ အမ်ားဆံုးသြင္းယူႏိုင္တဲ့ ကစားသမားမွတစ္ပါး တျခားလူ ဘယ္သူမွ မယူႏိုင္ဘူး။ ဒါဟာ အေကာင္းဆံုးျဖစ္တယ္ဆုိတာကို ကြင္းထဲမွာ သက္ေသျပလိုက္တာပဲ။ ကစားသမားေတြ ဂ်ာနယ္လစ္ေတြ ဘုတ္ေပးလို႔ရတဲ့ဆု ဘာတန္ဖိုးမွမရွိဘူး” လို႔ ဆြာရက္ဇ္က ေျပာလိုက္ပါတယ္။

Unicode version

“ကစားသမားတွေနဲ့ ဂျာနယ်လစ်တွေ vote ပေးလို့ရတဲ့ဆုက တန်ဖိုး မရှိဘူး” လို့ ပြောလိုက်တဲ့ ဆွာရက်ဇ်

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က FIFA The Best ဆုအတွက် ဆန်ကာတင်စာရင်းထဲမှာ အသင်းဖော် မက်ဆီ မပါတာနဲ့ ပတ်သက်ပြီး ကစားသမားတွေ၊ ဂျာနယ်လစ်တွေ vote ပေးလို့တဲ့ဆုဟာ ကွင်းထဲမှာ ကိုယ်ကြိုးစားလို့ရတဲ့ဆုထက် ပိုပြီးတော့ တန်ဖိုးမရှိကြောင်း ပြောလိုက်ပါတယ်။

မက်ဆီဟာ ၂၀၀၆ ခုနှစ်က စတင်ပြီး ဆန်ကာတင် ၃ ဦးစာရင်းထဲမှာ ပါဝင်လာခဲ့ပေမယ့် ဒီနှစ်မှာတော့ ပထမဆုံးအကြိမ် လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလားနဲ့ စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အခုလို FIFA ရဲ့ လစ်လျူရှုခြင်း ခံလိုက်ရတာပါ။

ဒါပေမယ့် ဆွာရက်ဇ်ကတော့ မက်ဆီဟာ သမိုင်းမှာ အကောင်းဆုံးဖြစ်တယ်လို့ ပြောလိုက်ပြီး ကွင်းထဲမှာ အမြဲတမ်းအကောင်းဆုံး ဖြစ်နေဖို့ပဲ လိုအပ်ကြောင်း အခုလို ပြောပါတယ်။

“ကွင်းထဲမှာ ရတဲ့ဆုထက် ပိုပြီး တန်ဖိုးရှိတဲ့ဆု မရှိဘူး” လို့ ဆွာရက်ဇ်က ပြောပါတယ်။

“ဥပမာ သွင်းဂိုးအများဆုံးဆု ဆိုပါစို့။ ဒီဆုဆိုရင် ဂိုးတွေ အများဆုံးသွင်းယူနိုင်တဲ့ ကစားသမားမှတစ်ပါး တခြားလူ ဘယ်သူမှ မယူနိုင်ဘူး။ ဒါဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို ကွင်းထဲမှာ သက်သေပြလိုက်တာပဲ။ ကစားသမားတွေ ဂျာနယ်လစ်တွေ ဘုတ်ပေးလို့ရတဲ့ဆု ဘာတန်ဖိုးမှမရှိဘူး” လို့ ဆွာရက်ဇ်က ပြောလိုက်ပါတယ်။

Check Also

အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္ေခတ္ပဲ

“ဘာစီလိုနာကို ႏိုင္ပြဲေတြရေအာင္ လုပ္ေပးသူက မက္ဆီ မဟုတ္ဘူး၊ ကၽြန္ေတာ္ပါ” – အီတူး

ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္း အီတူးကေတာ့ နည္းျပ ပပ္ဂြာဒီယိုလာရဲ႕ နည္းစနစ္ ခ်ဳပ္ကိုင္မႈေတြကို အျပစ္တင္ ရံႈ႕ခ်လိုက္ၿပီး ဘာစီလိုနာကို အႏိုင္ရေအာင္ စြမ္းေပးခဲ့သူက မက္ဆီမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ အီတူးဟာ …