“ကလပ်ရဲ့ကျေးဇူးတွေ ပြန်ငဲ့သင့်တယ်”လို့ ကော်တင်ဟိုကို ပြောလိုက်တဲ့ ဂျရက်

လီဗာပူးလ် သူရဲကောင်း ဂျရက်က ကော်တင်ဟိုအတွက် တချို့အရာတွေ နားလည်ပေးနိုင်ပေမယ့် သူ့အပေါ် ထားရှိခဲ့တဲ့ ကလပ်ရဲ့ ကျေးဇူးတွေကိုတော့ ပြန်ငဲ့သင့်ပါသေးတယ်လို့ ပြောလိုက်ပါတယ်။

“ဒီကလေးက တောင်အမေရိကမှ ရောက်လာတာဆိုတော့ ဘာစီလိုနာဆိုတာ သူအမြဲမက်ခဲ့ရတဲ့ အိပ်မက်တစ်ခု ဖြစ်မှာပါ။ နောက်ပြီး ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ် ပြန်မရနိုင်တော့ဘူးလို့ သူ ထင်နေလောက်တယ်” ဆိုပြီး ဂျရက်က ကော်တင်ဟိုရဲ့ စိတ်ဆန္ဒတွေကို ကိုယ်ချင်းစာ နားလည်ကြောင်း ပြောပါတယ်။

“သူ့အကြောင်း ကျွန်တော်သိတယ်။ သူက ခပ်ညံ့ညံ့ကောင်လေးတော့ မဟုတ်ဘူး။ သူ ထွက်ခွာသွားရမယ့်ကိစ္စနဲ့ ပတ်သတ်ပြီး မျက်နှာပျက်စရာတွေ ဖြစ်လာမှာ ကြောက်နေပုံရတယ်။ ဒါပေမယ့် ကလပ်က သူ့ကို ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်အောင် မြေထောင်မြောက်ပြီးအဆုံးမှာ သူ (၅)နှစ် စာချုပ် ချုပ်သွားမှာပဲ”

“သူ အင်တာမှာ ရုန်းကန်နေရတာကို ခင်ဗျားတို့ မှတ်မိအုံးမှာပါ။ ကျွန်တော်တို့ သူ့ကို ဒီိလို ကစားသမားမျိုးဖြစ်အောင် ဖန်ဆင်းပေးခဲ့တာ။ သူ ကလပ်အတွက် လုပ်ပေးနိုင်ရင် အနည်းဆုံး နောက်(၁)နှစ်ပေါ့ဗျာ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …