“ နေရာပြန်ရဖို့ မက်ဒရစ်မှာ ရှိနေအုံးမယ်” ပြောလိုက်တဲ့ ဘေးလ်

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်စာရင်းထဲ မပါဝင်ခဲ့ရတဲ့ ဂါးရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာသွားမည်မဟုတ်ဘဲ သူ့နေရာကို အကောင်းဆုံးကာကွယ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက မိုနာကိုကြယ်ပွင့် အမ်ဘက်ပီကို စိတ်ဝင်စားနေခဲ့တာကြောင့် အနာဂတ်မှာ အသက် ၂၈ နှစ်ရှိနေပြီဖြစ်တဲ့ သူ့အတွက် နေရာရဖို့ ဒွီဟတွေ ဖြစ်လာခဲ့ပြီး ပရီမီးယားလိဂ်ဘီလူး မန်ယူအသင်းနဲ့ ဆက်သွယ်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဘေးလ်က ဘာနေဗျူးမှ ထွက်ခွာသွားမည်မဟုတ်သလို၊ အသင်းမှာ နေရာပြန်ရဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း အခုလိုပြောပါတယ်။

“မက်ဒရစ်မှ ထွက်ခွာသွားမယ့်စိတ်ကူးတွေ ကျွန်တော့်မှာ မရှိပါဘူး” လို့ ဘေးလ်က Marca မှာ ပြောပါတယ်။

ဆက်လက်ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ခက်ခဲစွာ ရုန်းကန်ခဲ့ရတဲ့ ဘေးလ်က “နေရာတစ်နေရာ ပြန်ရဖို့ဆိုတာ ခက်ခဲမှန်း ကျွန်တော်သိတယ်။ ဒါပေမယ့် အဲဒီနေရာ ပြန်ရဖို့ ရီးရဲလ်မက်ဒရစ်မှာ ရှိနေအုံးမှာ” လို့ ပြောလိုက်ပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၇ ပွဲကစားပြီး ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …