ဒေါ့မွန်မှာပဲ အူဘာမီယန်း ဆက်နေသွားမည်ဟု ဒါရိုက်တာပြော

ဒေါ့မွန်ကြယ်ပွင့် အူဘာမီယန်းဟာ တရုတ်စူပါလိဂ်ကလပ်၊ အေစီမီလန်၊ PSG တို့နဲ့ ဆက်သွယ်မှု ရှိနေပေမယ့် အခုအချိန်အထိ တရားဝင်ဆက်သွယ်ဆွေးနွေးခြင်း မရှိသေးတာကြောင့် ဒေါ့မွန်မှာပဲ နေသွားနိုင်တယ်လို့ အားကစားဒါရိုက်တာ မိုက်ကယ်ဇိုးက ပြောပါတယ်။

အသက် ၂၈နှစ်အရွယ်ရှိတဲ့ အဆိုပါ ဂါဘွန်သားဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၃၁ဂိုးနဲ့ ဘွန်ဒစ်လီဂါရဲ့ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ယနေ့သောကြာနေ့က ရာသီကြို လေ့ကျင့်ကွင်းဆင်းခဲ့ကြပြီး ၂၀၁၇-၁၈ ဘောလုံးရာသီစဖို့ နီးကပ်နေသဖြင့် အူဘာမီယန်း အပြောင်းအရွှေ့ကိစ္စ ဆောင်ရွက်နိုင်ဖို့ အချိန်ကန့်သတ်ချက်အနည်းအငယ်သာ ကျန်ရှိတော့ကြောင်း သူက အခုလိုပြောပါတယ်။

“အခုတော့ အူဘာမီယန်း ကလပ်မှာပဲ ဆက်နေသွားမယ်လို့ ယူဆမိတယ်။ သူ့အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးလို့ရအောင် ကျွန်တော်တို့ စီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် အချိန်အပိုင်းအခြား တစ်ခုသာ ရှိတော့တယ်” လို့ မိုက်ကယ်ဇိုးက WAZ မှာ ပြောပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …