antoine-griezmann-world-cup-newsday myanmar


Zawgyi Version


atletico-madrids-diego-simeone-says-antoine-griezmann-last-seasons-best-player-newsdaymyanmar



fifa best men modric salah ronaldo


Unicode version

အကောင်းဆုံးဆု ဆန်ကာတင် ၃ ဦးထဲမှာ ဂရေ့ဇ်မန်းမပါလို့ ဒေါသထွက်နေတဲ့ ဆီမြွန်နီ

The Best ဆုအတွက် FIFA မှ ရွေးချယ်ထုတ်ပြန်လိုက်တဲ့ ဆန်ကာတင်လူစာရင်း ၃ ဦးထဲမှာ တိုက်စစ်မှူး ဂရေ့ဇ်မန်း မပါဝင်ခဲ့တာကြောင့် အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီက ဒေါသထွက်ပေါက်ကွဲနေခဲ့ပါတယ်။

ဂရေ့ဇ်မန်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ယူရိုပါလိဂ်ဖလား ရအောင် ကူညီပေးနိုင်ခဲ့သလို ပြင်သစ်နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါတွေကို ဖီဖာက လစ်လျူရှုပြီး စီရော်နယ်ဒို၊ မိုဒရစ်နဲ့ ဆာလက်တို့ကိုပဲ ဆန်ကာတင် ရွေးချယ်ခဲ့ပါတယ်။

antoine-griezmann-cry-newsday-myanmar

“ပြီးခဲ့တဲ့ ရာသီတုန်းက ဂရေ့ဇ်မန်းက ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပါတယ်ဗျာ။ ဒါဟာ လုံးဝအကြွင်းမဲ့ပါပဲ။ သူ့ကို ချန်လှပ်ခဲ့တာတော့ လုံးဝကို မဖြစ်သင့်ဘူး” လို့ ဆီမြွန်နီက ပေါက်ကွဲစွာ ရင်ဖွင့်ပြောကြားလိုက်ပါတယ်။

ဆီမြွန်နီပြောကြားချက်အရ FIFA မှ ရွေးချယ်သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းဟာ ပြိုင်ပွဲအားလုံး ခြုံငုံကြည့်ပြီး စိစစ်ရွေးချယ်တာမျိုး မဟုတ်ဘဲ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုကိုပဲ ကြည့်တယ်ဆိုတာ ရှင်းနေပါတယ်။ ရော်နယ်ဒို၊ မိုဒရစ်နဲ့ ဆာလက်တို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းနိုင်ခဲ့သူတွေ ဖြစ်ပြီး The Best ဆုကိုတော့ စက်တင်ဘာလ ၂၄ ရက်မှာ တရားဝင်ချီးမြှင့်ပေးအပ်သွားမယ်လို့ သိရပါတယ်။

Check Also

neymar-mbappe-newsday-myanmar

“အမ်ဘက်ပီနဲ့ နေမာ ဘယ်သူ့ကို ခေါ်မလဲမေးရင် နေမာကိုပဲ ခေါ်မယ်” လို့ ပြောလိုက်တဲ့ ဆီမြွန်နီ

Zawgyi code အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂိုဆီမြွန်နီက သူ့အနေနဲ့ နေမာနဲ့ အမ်ဘက်ပီကို ခေါ်ယူပိုင်ခွင့်ရှိရင် အလုပ်ပိုလုပ်နိုင်တဲ့ နေမာကိုပဲ ခေါ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နေမာဟာ …