“အဆန်စီရိုက Ballon d’Or ရတော့မှာ” လို့ ပြောလိုက်တဲ့ ဗက်ကွဇ်

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး လူးကပ်ဗက်ကွဇ်က အဆန်စီရီုဟာ တနေ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d’Or ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

အသက် ၂၁ နှစ်ရှိတဲ့ အဆန်စီရိုဟာ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၅)ပွဲ ကစားထားပြီး (၄)ဂိုး သွင်းယူကာ ဥရောပစူပါဖလားနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗက်ကွဇ်ကတော့ အဆန်စီရိုဟာ အနာဂတ်မှာ တိုးတက်ကောင်းမွန်လာဖို့ ပြင်ဆင်မြှင့်တင်နေတယ်လို့ ပြောလိုက်ပြီး၊ သိပ်မကြာခင်မှာ Ballon d’Or ဆွတ်ခူးနိုင်တော့မည်ဖြစ်ကြောင်း အခုလို ပြောပါတယ်။

“သူက အံ့မခန်းလောက်အောင် အရမ်းကောင်းတယ်” လို့ ဗက်ကွဇ်က ပြောပါတယ်။

“အခု သူက အရမ်းမြင့်မားတဲ့ အဆင့်တစ်ခုမှာ ရောက်နေတယ်။ ကျွန်တော်တို့ သူ့အတွက် အများကြီး မျှော်လင့်ထားတယ်။ သူဟာ အရမ်းအေးဆေးပြီး သူ့ကိုယ်သူ အမြဲနှိမ့်ချ ပြောဆိုနေထိုင်တတ်တယ်”

“သူဟာ သိပ်မကြာခင် Ballon d’Or ဆု ရတော့မှာပါ” လို့ ပြောလိုက်ပါတယ်။

Check Also

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

နေမာကို ခေါ်ယူမယ့်ကိစ္စ သွေးအေးသွားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား လျော့ကျသွားတယ်လို့ DailyMail က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ လာမယ့်နွေရာသီမှာ ဘာပေကို ခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် …