Asensio claims he has never considered leaving Real Madrid


Zawgyi Version


Marco-Asensio-380



Champions-League-Real-Madrid-beats-Bayern-Munich-with-late-breakaway


Unicode version

“ရီးရဲလ်မက်ဒရစ်ကနေ ဘယ်ကိုမှမသွားဘူး” လို့ ပြောလိုက်တဲ့ အဆန်စီရို

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အဆန်စီရိုက သူဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပျော်တာကြောင့် ဘာနေဗျူးကွင်းကြီးကို စွန့်ခွာပြီး တခြားနေရာ ကူးပြောင်းဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆန်စီရိုဟာ အင်္ဂါနေ့က ခရိုအေးရှားအသင်းကို ၆-၀ နဲ့ စပိန်အသင်း အနိုင်ရတဲ့ပွဲမှာ သေသပ်ကောင်းမွန်လှတဲ့ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက လီဗာပူးလ်အသင်းဟာ အဆန်စီရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် စပိန်နိုင်ငံသားကတော့ လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံအသင်းကလွဲပြီး ဘယ်ကိုမှ မသွားချင်ကြောင်း အခုလို ပြောပါတယ်။

Spain have rattled in the goals against Croatia to take charge of their Nations League group

“ကျွန်တော်ကတော့ ဒီနေရာကလွဲပြီး တစ်ခြား ဘယ်နေရာကိုမှ သွားဖို့ စိတ်ဆန္ဒ မရှိဘူး”လို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၅ နှစ် စာချုပ်ထားတဲ့ အဆန်စီရိုက ပြောပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ အဆန်စီရိုဟာ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဖလား ၈ လုံး ဆွတ်ခူးနိုင်ပြီး သွင်းဂိုးအရေအတွက် ၂၁ ဂိုးအထိ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။

Check Also

real-madrid-nothing-impossible-solari-refuses-give-title-race

ရီးရဲလ်မက်ဒရစ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောလိုက်တဲ့ ဆိုလာရီ

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့က ဆီဗီးလားအသင်းကို ၂-၀ အနိုင်ရပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာသို့ ရောက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ဆန်တီယာဂီုဆိုလာရီကတော့ သူတို့အသင်းအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ …