
Zawgyi Version






Unicode version

ချဲလ်ဆီးဂန္တဝင် လက်ရှိအာဆင်နယ်ဂိုးသမားကြီး ပီတာချက် ဒီနှစ်ကုန်ရင် အနားယူတော့မည်

ပီတာချက်ဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့မှာ ၁၅ နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီကုန်ဆုံးရင် ကစားသမားဘဝမှ အနားယူတောမယ့်လို့ သိရပါတယ်။

အသက် ၃၆ နှစ်ရှိတဲ့ ပီတာချက်ဟာ ယခုနှစ်ဘောလုံးရာသီဟာ သူ့အတွက် ကြေးစားဘောလုံးသမားအဖြစ် နောက်ဆုံးရာသီဖြစ်လိမ့်မယ်ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ် ၁ သန်းကျော် သိစေဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

“ဒီရာသီက ကျွန်တော့်ရဲ့ ကြေးစားဘောလုံးသမားအဖြစ် ရာသီ ၂၀ မြောက် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးစာချုပ်ကို အသက် ၂၀ မှာ စတင်ချုပ်ဆိုခဲ့ပါတယ်။ အခုအချိန်မှာ အနားယူဖို့သင့်ပြီလို့ ခံစားမိပါတယ်။ ဒီရာသီပြီးဆုံးရင် အနားယူပါတော့မယ်”

“ပရီးမီးယားလိဂ်မှာ ၁၅ နှစ်ကြာ ကစားခဲ့ပြီးနောက် နိဂုံချုပ်ဖို့အချိန်တန်ပြီလို့ ခံစားမိပါတယ်။ ဒီရာသီမှာတော့ အာဆင်နယ်အသင်းအတွက် အစွမ်းကုန်ကြိုးစားပြီး ဖလားတစ်လုံးထက်မက ဆွတ်ခူးသွားချင်ပါတယ် ” လို့ ပီတာချက်က ရေးသားထားပါတယ်။

အသက် ၂၂ နှစ်မှာ အင်္ဂလန်သို့ ရောက်လာခဲ့တဲ့ ပီတာချက်ဟာ ဆုဖလားပေါင်း ၁၈ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Check Also

အာဆင်နယ်နဲ့ ပူးပေါင်းဖို့ သတင်းထွက်နေတဲ့ ဇာဟာ

အာဆင်နယ်နဲ့ ပူးပေါင်းဖို့ သတင်းထွက်နေတဲ့ ဇာဟာ

မန်ယူအသင်းမှာ အောင်မြင်တဲ့ ကစားသမားဘ၀ကို မပိုင်ဆိုင်ခဲ့ရဘဲ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ ဇာဟာဟာ လက်ရှိအချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက်အရေးပါတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။ ထို့အတူ ကလပ်အတော်အများကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ …