messi - argentina football - newsday myanmar


Zawgyi Version


NO.10 BELONGS TO MESSI



scaloni



Unicode version

နိုင်ငံအသင်းထံ ပြန်မလာတဲ့ မက်ဆီနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အာဂျင်တီးနား

အာဂျင်တီးနားနိုင်ငံအသင်းဟာ နိုင်ငံပွဲတွေ ကျင်းပနေချိန် အသင်းထံ ပြန်မလာတဲ့ မက်ဆီနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ်။ ဒါကတော့ မက်ဆီထံမှ ရှင်းလင်းတဲ့ စကားတစ်ခွန်းမကြားမချင်း ကျောနံပါတ် ၁၀ ကို ဘယ်သူ့ကိုမှ ဝတ်ဆင်ခွင့်မပေးဘူး ဆိုတာပါပဲ။

ဘာစီလိုနာ စူပါစတား လီယွန်နယ်မက်ဆီဟာ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ အာဂျင်တီးနားနိုင်ငံအသင်း နှုတ်ဆက် ထွက်ခွာသွားပြီးနောက် အသင်းမှ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံအသင်းမှ အနားယူသွားကြောင်း တရားဝင်ပြောကြားခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။

အာဂျင်တီးနားနိုင်ငံအသင်းဟာ လက်တလောမှာ ဂွာတီမာလာ၊ ကိုလံဘီယာနိုင်ငံအသင်းတို့နဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ပြီး ကျောနံပါတ် ၁၀ ကိုတော့ ဘယ်သူ့ကိုမှ ဝတ်ဆင်ခွင့်မပေးဘဲ ဒီအတိုင်း ဆက်လက်ထားရှိခဲ့ပါတယ်။

“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ကစားသမား တော်တော်များများ သူတို့ရဲ့ နံပါတ်တွေကိုပဲ ပြန်လည်ဝတ်ဆင်ကြတယ်” လို့ အာဂျင်တီးနားနည်းပြ စကာလိုနီက ပြောပါတယ်။

“လစ်ဟာနေတဲ့ ကျောနံပါတ် ၁၀ ကိုတော့ မက်ဆီပဲ ပိုင်တယ်။ ဒါ့ကြောင့် သူ အသင်းနဲ့ ပြန်လည် ပူးပေါင်းမယ်၊ မပေါင်းဘူးလို့ ရှင်းရှင်းလင်းလင်း မပြောမချင်း ဒီနံပါတ်ကို ဘယ်သူ့ကိုမှ ဝတ်ဆင်ခွင့်မပြုပါဘူး။ အနာဂတ်မှာ ဘယ်တွေဖြစ်မလဲဆိုတာ ကျွန်တော်အားလုံး မြင်တွေ့ရမှာပါ။ အခုအချိန်မှာတော့ နံပါတ် ၁၀ ကို ဘယ်သူ့မှ ပေးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ မက်ဆီအတွက် သီးသန့်ဖြစ်နေလို့ပဲ။ ဒါ့ကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ” လို့ စကာလိုနီက ပြောလိုက်ပါတယ်။

Check Also

skysports-jose-mourinho-man-united_4478147

မော်ရင်ဟိုကို လာလီဂါက ပြန်လည်ကြိုဆိုနေမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြော

Zawgyi Version ယခင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ မော်ရင်ဟိုအနေနဲ့ လာလီဂါသို့ တစ်ကျော့ပြန်လာခဲ့မယ်ဆိုရင် သိပ်ကောင်းတဲ့ပြပွဲတစ်ခု ဖြစ်လာမှာပဲလို့ လာလီဂါဥက္ကဋ္ဌ Javier Tebasက ပြောလိုက်ပါတယ်။ မော်ရင်ဟိုဟာ …