နောက် ၅ နှစ်အတွင်း ပေါ့ဘာ Ballon d’Or ရလိမ့်မယ်လို့ မာရှယ်ပြော

မန်ယူတိုက်စစ်မှူး အန်သိုနီမာရှယ်က အသက် ၂၄ နှစ်အရွယ်ရှိ ပေါလ်ပေါ့ဘာဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်ကောင်းမွန်နေပြီး ဒီပုံစံအတိုင်း ဆက်လက်ကြိုးစားသွားမယ်ဆိုရင် နောက် ၅ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d’Or  ပိုင်ဆိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

“ပေါ့ဘာက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမား ဖြစ်နိုင်တယ်” လို့ မာရှယ်က MUTV မှာ ပြောပါတယ်။

“သူက လူငယ်တစ်ယောက်ပဲ ရှိသေးတယ်။ ဒါကြောင့် ဒီထက် အလုပ်ပိုကြိုးစားမယ်ဆိုရင် ပိုကောင်းလာနိုင်တယ်။ သူ့အနေနဲ့ အခု စွမ်းဆောင်နိုင်သလို ဆက်လက်မြှင့်တင်ပြီး ကစားသွားမယ်ဆိုရင် နောက် ၅ နှစ်အတွင်း Ballon d’Or ဆု ရလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …