Sadio-Mane-Roberto-Firmino-Mohamed-Salah-newsday myanmar


Zawgyi Version



Sadio-Mane Firmino-Mohamed-Salah-newsday myanmar



Unicode version

ဖာမီနိုကြောင့် ဆာလက်နဲ့ ကျွန်တော် ကစားရတာလွယ်ကူတယ်လို့ ပြောလိုက်တဲ့ မာနေး

လီဗာပူးလ် တိုက်စစ်မှူး ဆာဒီယိုမာနေးက အသင်းမှာ သူနဲ့ ဆာလက် ခြေစွမ်းပြ ကစားနိုင်တာကြောင့် ဖာမီနို ကြောင့်ပါဆိုပြီးတော့ ဘရာဇီတိုက်စစ်မှူးရဲ့ အရေးပါမှုကို ချီးမွမ်းခန်း ထုတ်သွားပါတယ်။

Sadio Mane and farmino

“လူတော်တော်များများက ကျွန်တော်နဲ့ ဆာလက်ကိုပဲ ချီးမွမ်းခန်းဖွင့်ကြတယ်။ ဒီလိုမျိုး စကားတွေ ပြန်ကြားရတော့လည်း ကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ အင်အားက စည်းလုံးမှုပဲ” လို့ မာနေးက BR မှာ ပြောပါတယ်။

“ခင်ဗျားတို့အနေနဲ့ ဖာမီနိုကို မမေ့သင့်ဘူး။ သူ့ကို ချန်မထားသင့်ဘူး။ သူဟာ ကျွန်တော်တို့အတွက် သတ္တဝါကြီးပဲ။ ကျွန်တော်တို့ကို ပိုပြီးတော့ လွယ်ကူစေတယ်။ နောက်ပြီး ကျွန်တော်တို့ နောက်မှာ ရှိကြတဲ့ ကစားသမားတိုင်းကလည်း အကောင်းဆုံးအလုပ်ကြိုးစားကြတယ်။ သူတို့တွေကြောင့် အသင်းရဲ့ တိုက်စစ်က ပိုပြီးတော့ အားဖြစ်စေတယ်” လို့ မာနေက ပြောလိုက်ပါတယ်။

ဆက်လက်ပြီး မာနေးက သူအကြိုက်ဆုံး ကစားသမား ဘရာဇီး ဂန္တဝင်ကစားသမား ရော်နယ်ဒင်ဟို ဖြစ်ပါတယ်လို့လည်း ပြောလိုက်ပါတယ်။

Check Also

ပေါ်တိုကို ၂-၀ နဲ့ နိုင်ပြီးမှ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ရရင် လီဗာပူးလ်အသင်း ကပ်ဆိုက်တာပဲလို့ မိုက်ကယ်အိုဝင် သုံးသပ်

ပေါ်တိုကို ၂-၀ နဲ့ နိုင်ပြီးမှ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ရရင် လီဗာပူးလ်အသင်း ကပ်ဆိုက်တာပဲလို့ မိုက်ကယ်အိုဝင် သုံးသပ်

လီဗာပူးလ်အသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကတော့ ပထမအကျော့ရလဒ်အရ ကွာတားဖိုင်နယ်အဆင့်က လီဗာပူးလ်အသင်း ထွက်ခွာသွားရရင် ကပ်ဆိုက်တာဖြစ်မယ်ဆိုပြီး သုံးသပ်ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမကျော့ကို လီဗာပူးလ်အသင်းဟာ ပေါ်တိုအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရာ …