ander-herrera-reflects-on-four-seasons-at-manchester-united-in-an-interview-with-inside-united

“ယူနိုက်တက်အတွက် ထိုက်တန်တဲ့သူ ဖြစ်ဖို့ ကြိုးစားနေတယ်” လို့ ဟာရဲရားပြော

အိုးထရက်ဖို့ဒ်သို့ ရောက်လာခဲ့တာ ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားကတော့ သူဟာ မန်ယူကစားသမား ဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောလိုက်ပြီး အသင်းအတွက် ထိုက်တန်တဲ့သူဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။

ဟာရဲရားဟာ ၂၀၁၄ ခုနှစ်က စပိန်ကလပ် ဘီဘာအိုအသင်းမှ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မန်ယူအသင်းအတွက် ပွဲပေါင်း ၁၆၀ ပါဝင်ကစားထားသူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်များမှာ မန်ယူအသင်းအတွက် FA ဖလား၊ EFL ဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်အောင် ကူညီနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိကြောင်း ကလပ်ဝက်ဆိုဒ်မှာ အခုလို ပြောထားပါတယ်။

ander herrera with trophy

“ကျွန်တော်ကတော့ အရမ်းဂုဏ်ယူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ယူနိုက်တက်အတွက် ကစားပေးနေရလို့ပဲ။ ကျွန်တော်ဟာ ကလပ်အတွက် ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ ရာသီတိုင်းကြိုးစားနေတယ်” လို့ ဟာရဲရားက ပြောပါတယ်။

“ကျွန်တော်နဲ့ ပတ်သက်ပြီး နည်းပြလည်း ကျေနပ်မှုရှိသလို ပရိသတ်တွေလည်း အရမ်းပျော်ရွှင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါတွေဟာ ကျွန်တော့်အတွက် အမှန်တကယ်ကို ဂုဏ်ယူရမယ့်အရာတွေပဲ” လို့ ဟာရဲရားက ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …