“အင်္ဂလန်ကလပ်တွေ ပါဝင်လာလို့ ချန်ပီယံလိဂ်ဖလားရဖို့ ခက်ခဲနိုင်”ဟု အန်စလော့တီ ခန့်မှန်း

ဘိုင်ယန်မြူးနစ်နည်းပြ အန်စလော့တီက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီး၊ မန်ယူ၊ လီဗာပူးလ်တို့ ပြန်လည်ပါဝင်လာတာကြောင့် အရင်နှစ်တွေထက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာလိမ့်မယ်လို့ ယုံကြည်နေပြီး ဖလားရဖို့ ခက်ခဲနိုင်ကြောင်း ခန့်မှန်းပြောဆိုလိုက်ပါတယ်။

“ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ယဉ်ပြိုင်မှုပိုင်းမှာ ပိုမိုပြင်းထန်းလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ အမှန်တကယ်အရေးပါတဲ့ အင်္ဂလန်ကလပ်တွေ ပါဝင်လာတယ်” လို့ အန်စလော့တီက ပြောပါတယ်။

“ယူနိုက်တက်၊ စီးတီး၊ ချဲလ်ဆီး၊ တော့တင်ဟမ်၊ လီဗာပူးလ် – ကလော့ပ်(လီဗာပူးလ်နည်းပြ)လည်း ခြေစစ်ပွဲအောင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်”

“သူတို့တွေပါဝင်လာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲက ပြိုင်ဆိုင်မှု ပိုပြင်းထန်လာနိုင်သလို၊ ဖလားရဖို့ ပိုမိုခက်ခဲသွားမယ်ဆိုတာ လုံးဝအသေအချာပဲ” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …