Alexander-Arnold-calls-Ramos-best-centre-world-newsdsay-myanmar

“ရာမုိ႔စ္က ကမာၻ႕အေကာင္းဆံုး ခံစစ္မွဴး” လို႔ ေျပာလိုက္တဲ့ အလက္ဇန္းဒါး-အာႏိုး

Zawgyi version

ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ဆာဂ်ီယိုရာမုိ႔စ္ဟာ ဒီႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မိုဟာမက္ဆာလက္နဲ႔ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး လီဗာပူးလ္ ပရိသတ္ေတြရဲ႕ အမုန္းတရားေတြ ရရွိသြားေပမယ့္ လီဗာပူးလ္ခံစစ္ကစားသမား အလက္ဇန္းဒါး-အာႏိုးကေတာ့ ရာမို႔စ္ကို ကမာၻ႕အေကာင္းဆံုး ခံစစ္မွဴးလုိ႔ ေခၚေ၀ၚ ေျပာဆိုလိုက္ပါတယ္။

Many believe Sergio Ramos intentionally tried to injure Salah in the Champions League final

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရာမုိ႔စ္ဟာ ေဘားလံုးလုယူဖို႔ ႀကိဳးစားရာမွ ဆာလက္ကို ၾကမ္းတမ္းသလို ျဖစ္သြားခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း လီဗာပူးလ္နည္းျပ ဂ်ာဂင္ကေလာ့ပ္က ရာမို႔စ္ကို “ရက္စက္ၾကမ္းၾကဳတ္သူႀကီး” လို႔ အမည္တပ္ခဲ့ပါေသးတယ္။

ဒါေပမယ့္ အာႏုိးရဲ႕ အျမင္မွာေတာ့ လီဗာပူးလ္နည္းျပနဲ႔ ပရိသတ္ေတြနဲ႔ မတူဘဲ ရာမုိ႔စ္ဟာ ေအာင္ႏိုင္မႈမ်ားစြာ ပိုင္ဆိုင္ထားတာေၾကာင့္ ကမာၻ႕အေကာင္းဆံုး ခံစစ္မွဴး ျဖစ္ေၾကာင္းကို အခုလို ေျပာပါတယ္။

Trent Alexander-Arnold says Sergio Ramos is a winner, despite being Liverpool's worst enemy

“လူတိုင္းကေတာ့ အႏိုင္ရဖို႔ နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ ႀကိဳးစားၾကမွာပဲ။ ေနာက္ၿပီး ေနာက္ဆံုး ၁၀ ႏွစ္ကို ျခံဳၾကည့္ရင္ ရာမို႔စ္ဟာ ေအာင္ႏိုင္သူတစ္ေယာက္ ျဖစ္တယ္” လို႔ အာႏိုးက ေျပာပါတယ္။

ဟုတ္ပါတယ္။ အာႏိုးေျပာတာ မမွားပါဘူး။ ရာမုိ႔စ္ဟာ လာလီဂါဖလား၊ စပိန္ဘုရင့္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ဆြတ္ခူးႏိုင္ခဲ့သလို ယူရိုဖလားနဲ႔ ကမာၻ႕ဖလားတို႔ကိုလည္း စပိန္ႏိုင္ငံအသင္းနဲ႔အတူ ဆြတ္ခူးခဲ့ႏိုင္ပါေသးတယ္။

ramos with world cup

“ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ ဆက္တိုက္ ဆြတ္ခူးႏိုင္ဖို႔ဆိုတာ တကယ္ မလြယ္ကူပါဘူး” အလက္ဇန္းဒါး-အာႏိုးက ဆက္ေျပာပါတယ္။ “ရာမို႔စ္အေနနဲ႔ ေမလပိုင္းတုန္းက ကၽြန္ေတာ္တို႔နဲ႔ ျပႆနာေတြ တက္ခဲ့တာ မွန္ေပမယ့္ သူ႕ကို ေလးစားရမယ္။ သူဟာ ကမာၻ႕အေကာင္းဆံုးခံစစ္မွဴးပါ” လို႔ အာႏိုးက ေျပာလိုက္ပါတယ္။

Unicode version

“ရာမို့စ်က ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးပါ” လို့ ပြောလိုက်တဲ့ အလက်ဇန်းဒါး-အာနိုး

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ဆာဂျီယိုရာမို့စ်ဟာ ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မိုဟာမက်ဆာလက်နဲ့ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လီဗာပူးလ် ပရိသတ်တွေရဲ့ အမုန်းတရားတွေ ရရှိသွားပေမယ့် လီဗာပူးလ်ခံစစ်ကစားသမား အလက်ဇန်းဒါး-အာနိုးကတော့ ရာမို့စ်ကို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးလို့ ခေါ်ဝေါ် ပြောဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရာမို့စ်ဟာ ဘေားလုံးလုယူဖို့ ကြိုးစားရာမှ ဆာလက်ကို ကြမ်းတမ်းသလို ဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ရာမို့စ်ကို “ရက်စက်ကြမ်းကြုတ်သူကြီး” လို့ အမည်တပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အာနိုးရဲ့ အမြင်မှာတော့ လီဗာပူးလ်နည်းပြနဲ့ ပရိသတ်တွေနဲ့ မတူဘဲ ရာမို့စ်ဟာ အောင်နိုင်မှုများစွာ ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး ဖြစ်ကြောင်းကို အခုလို ပြောပါတယ်။

“လူတိုင်းကတော့ အနိုင်ရဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြမှာပဲ။ နောက်ပြီး နောက်ဆုံး ၁၀ နှစ်ကို ခြုံကြည့်ရင် ရာမို့စ်ဟာ အောင်နိုင်သူတစ်ယောက် ဖြစ်တယ်” လို့ အာနိုးက ပြောပါတယ်။

ဟုတ်ပါတယ်။ အာနိုးပြောတာ မမှားပါဘူး။ ရာမို့စ်ဟာ လာလီဂါဖလား၊ စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့သလို ယူရိုဖလားနဲ့ ကမ္ဘာ့ဖလားတို့ကိုလည်း စပိန်နိုင်ငံအသင်းနဲ့အတူ ဆွတ်ခူးခဲ့နိုင်ပါသေးတယ်။

“ချန်ပီယံလိဂ်ဖလားကို ၃ နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ဖို့ဆိုတာ တကယ် မလွယ်ကူပါဘူး” အလက်ဇန်းဒါး-အာနိုးက ဆက်ပြောပါတယ်။ “ရာမို့စ်အနေနဲ့ မေလပိုင်းတုန်းက ကျွန်တော်တို့နဲ့ ပြဿနာတွေ တက်ခဲ့တာ မှန်ပေမယ့် သူ့ကို လေးစားရမယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးပါ” လို့ အာနိုးက ပြောလိုက်ပါတယ်။

Check Also

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

ေပၚတိုကို ၂-၀ နဲ႔ ႏိုင္ၿပီးမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက ထြက္ရရင္ လီဗာပူးလ္အသင္း ကပ္ဆိုက္တာပဲလို႔ မိုက္ကယ္အို၀င္ သံုးသပ္

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ပထမအေက်ာ့ရလဒ္အရ ကြာတားဖိုင္နယ္အဆင့္က လီဗာပူးလ္အသင္း ထြက္ခြာသြားရရင္ ကပ္ဆိုက္တာျဖစ္မယ္ဆိုၿပီး သံုးသပ္ေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ ပထမေက်ာ့ကို လီဗာပူးလ္အသင္းဟာ ေပၚတုိုအသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ …