"မန်ယူမှာ အကောင်းဆုံးသူငယ်ချင်းတစ်ယောက် ရှိတယ်" လို့ ပြောလိုက်တဲ့ အဂူရို

“မန်ယူမှာ အကောင်းဆုံးသူငယ်ချင်းတစ်ယောက် ရှိတယ်” လို့ ပြောလိုက်တဲ့ အဂူရို



Atletico-Madrid-v-Fulham-UEFA-Europa-League-Final.jpg





Unicode version

“မန်ယူကစားသမားတွေထဲမှာ အကောင်းဆုံးသူငယ်ချင်းတစ်ယောက် ရှိတယ်” လို့ ပြောလိုက်တဲ့ အဂူရို

တိုက်စစ်မှူးနဲ့ ဂိုးသမားဟာ အမြဲတမ်းပြိုင်ဘက်တွေ ဖြစ်နေပေမယ့် မန်စီးတီး တိုက်စစ်မှူး ဆာဂျီယိုအဂူရိုကတော့ မန်ယူ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ သူရဲ့ အကောင်းဆုံး သူငယ်ချင်းပါဆိုပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာ ယခင် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းမှာကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး ၂နှစ် ကြာအောင် အလုပ်အတူတူ တွဲလုပ်လာခဲ့တဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်ကြပါတယ်။

၂၀၁၁ ခုနှစ် နွေရာသီမှာတော့ နှစ်ယောက်လုံးဟာ အင်္ဂလန်သို့ ပြောင်းလာခဲ့ပြီး မန်ချက်စတာမြို့ခံပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ယူနဲ့ မန်စီးတီးအသင်းတို့နဲ့ အသီးသီး ပူးပေါင်း သွားခဲ့ကြပါတယ်။

David-De-Geas-Oldest-Friend-Kun-Aguero

မန်ယူနဲ့ မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက်တွေ ဖြစ်ပေမယ့် ဒီဂီယာနဲ့ အဂူရိုတို့ရဲ့ သူငယ်ချင်းအဖြစ် ခင်မင်မှုကတော့ မပြောင်းလဲကြောင်း အဂူရိုက အခုလို ပြောပါတယ်။

“ဒေးဗစ်နဲ့ ကျွန်တော် အချိန်တော်တော်များများ ဆုံဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အက်သလက်တီကိုမက်ဒရစ်မှာ အတူတူကစားလာခဲ့တာကြောင့် ဖြစ်တယ်” လို့ အဂူရိုက ပြောပါတယ်။

“အက်သလက်တီကိုမှာကတည်းက ကျွန်တော်တို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်တယ်။ ဒါပေမယ့် အခုတော့ သူက ယူနိုက်တက်အတွက် ကစားပေးနေသလို ကျွန်တော်က စီးတီးအတွက် ကစားပေးနေတယ်” လို့ အဂူက ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …