unai emery newsday myanmar

“ပြီးခဲ့တဲ့ ၆ ပတ်အတွင်းမှာ အူနိုင်းအမ်မရီ ဘာတွေလုပ်နေလဲ” လို့ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း မေးခွန်းထုတ်

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း အဒမ်စ်က နည်းပြသစ် အူနိုင်းအမ်မရီအနေနဲ့ နည်းပြတာဝန်ယူပြီး ၆ ပတ်အတွင်းမှာ အသင်းက သိသိသာသာ တိုးတက်လာခြင်းမရှိဘဲ နည်းပြဟောင်း အာဆင်ဝင်းဂါး ရှိစဉ်တုန်းကအတိုင်းနဲ့ ထူးမခြားနားသေးတဲ့အတွက် ဘာတွေများလုပ်နေလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီ ပထမဆုံးပွဲကို အိမ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ ၀-၂ အလဒ်နဲ့  အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

unai-emery-arsenal

“ဒါဟာ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ယုံကြည်မှုတွေပါ ပျေက်ဆုံးသွားစေတယ်” လို့ အဒမ်စ်က ပြောပါတယ်။

“တိုက်စစ်အားကောင်းကောင်းနဲ့ ပွဲကို ဖွင့်ကစားတတ်တဲ့ အာဆင်ဝင်းဂါး ထွက်သွားပြီးနောက် အသင်းအတွက် ပိုပြီးတော့ တိုက်စစ်ကို ပုံဖော်ကစားနိုင်မယ့် နည်းပြသစ်မျိုး ကျွန်တော် လိုချင်ခဲ့တယ်။ အခု အမ်မရီမှာ ကျွန်တော်လိုချင်တဲ့ ပုံစံမျိုး မတွေ့ရသေးဘူး။ လွန်ခဲ့တဲ့ ၆ ပတ်အတွင်းမှာ သူ ဘာတွေများလုပ်နေလဲဆိုတာ ကျွန်တော်လည်း မသိဘူး”

granit-xhaka-mesut-ozil-arsenal-newsday-myanmar

“နိုင်ငံအနှံ့မှာရှိတဲ့ အာဆင်နယ်ပရိသတ်အကုန်လုံးက ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက် စိတ်အားထက်သန်နေကြတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီနဲ့ အဝေးကြီးမှာပဲ ရှိသေးတယ်” လို့ အဒမ်(စ်)က ပြောလိုက်ပါတယ်။

Check Also

အာဆင်နယ်နဲ့ ပူးပေါင်းဖို့ သတင်းထွက်နေတဲ့ ဇာဟာ

အာဆင်နယ်နဲ့ ပူးပေါင်းဖို့ သတင်းထွက်နေတဲ့ ဇာဟာ

မန်ယူအသင်းမှာ အောင်မြင်တဲ့ ကစားသမားဘ၀ကို မပိုင်ဆိုင်ခဲ့ရဘဲ အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ ဇာဟာဟာ လက်ရှိအချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက်အရေးပါတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။ ထို့အတူ ကလပ်အတော်အများကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ …