“မက်ဆီနဲ့ ရင်ဆိုင်ဖို့ဆိုတာ သူ့အတွက် စိန်ခေါ်မှုတစ်ခုပဲ”လို့ ဆိုလိုက်တဲ့ ဒီဂီယာ

မန်ယူနဲ့ စပိန်နိုင်ငံအသင်း ဂိုးသမား ဒီဂီယာက အာဂျင်တီနားအသင်းနဲ့ ချစ်ကြည်ရေးပွဲမှာ မက်ဆီကို ရင်ဆိုင်ကစားဖို့ဆိုတာ သူ့အတွက် စိန်ခေါ်မှုတစ်ခုပဲလို့ ပြောလိုက်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ပတ်က အီတလီအသင်းကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ အရံခုံမှာ ထိုင်ပြီး အနားယူခဲ့ပေမယ့် ယနေ့ည စပိန်နဲ့ပွဲမှာတော့ ပါဝင်လာနိုင်ချေ ရှိနေပါတယ်။

ဒီပွဲမှာ မက်ဆီ ပါဝင်ခဲ့မယ်ဆိုရင် မန်ယူ ဂိုးဖမ်းသမား ဒီဂီယာအဖို့ တော်တော်လေးကို အလုပ်ရှုပ်မယ့် ညတစ်ည ဖြစ်လာမှာ အသေအချာပါပဲ။ ဒါပေမယ့် သူလည်း အကောင်းဆုံးဂိုးဖမ်းသမားတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေပြသွားမည်ဖြစ်ကြောင်း ဒီဂီယာက အခုလို ပြောပါတယ်။

“မက်ဆီကို ရင်ဆိုင်ကစားဖို့ဆိုတာ ဂိုးသမားတစ်ယောက်အတွက် စိန်ခေါ်မှု တစ်ခုပါ” လို့ ဒီဂီယာက ပြောပါတယ်။

“ဒါပေမယ့် ကျွန်တော်တို့ဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားတွေ ဖြစ်ချင်တယ်။ မက်ဆီပါလည်း အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါပဲ။ သူနဲ့ ရင်ဆိုင်ကစားရတာ အမြဲတမ်းလိုလို ထူးခြားတယ်” လို့ ဒီဂီယာက ပြောလိုက်ပါတယ်။

Check Also

အဲဒီအချိန်တုန်းက ကျွန်တော့်ခေတ်ပဲ

“ဘာစီလိုနာကို နိုင်ပွဲတွေရအောင် လုပ်ပေးသူက မက်ဆီ မဟုတ်ဘူး၊ ကျွန်တော်ပါ” – အီတူး

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီတူးကတော့ နည်းပြ ပပ်ဂွာဒီယိုလာရဲ့ နည်းစနစ် ချုပ်ကိုင်မှုတွေကို အပြစ်တင် ရှုံ့ချလိုက်ပြီး ဘာစီလိုနာကို အနိုင်ရအောင် စွမ်းပေးခဲ့သူက မက်ဆီမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အီတူးဟာ …